Wednesday, October 21, 2009

ဖာပွန်ဒေသခံ တောင်ယာများ ဖျက်ဆီးခံရ

အောက်တိုဘာလ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုရာသီချိန်တွင် တောင်သူများ စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်ချုပ်နယ်မြေ ဖာပွန်ဒေသတွင် ဝင်ရောက်လှုပ်ရှားနေသော နအဖတပ်များက ယခုရက်ပိုင်းအတွင်း ဒေသခံ ရွာသူရွာသားများ၏ တောင်ယာများကို လိုက်လှန်ဖျက်ဆီးခဲ့ရာ တောင်ယာ (၅)ခင်း ပျက်ဆီးသွားသည်ဟု ဒေသခံများ၏ သတင်းပေးချက်အရ သိရသည်။
အောက်တိုဘာ ၁၄ရက်နေ့မှစ၍ ဖာပွန်ခရိုင်၊ လူသောမြို့နယ်၊ ခေးပူကျေးနယ်ရှိ ဘောလေးဒဲကျေးရွာအတွင်း ဝင်ရောက်လှုပ်ရှားနေသော နအဖ တပ်များက ဒေသခံရွာသူရွာသားများ၏ တောင်ယာခင်းများကို လိုက်ဖျက်ဆီးခြင်းဖြစ်သည်ဟု ဖာပွန်နယ်ခံ စောကလယ်ဒို့က ကေအိုင်စီကို ယခုလို ပြောသည်။

ဖာပွန်ခရိုင်မှ တောင်ယာခင်းတခင်း
ဖာပွန်ခရိုင်မှ တောင်ယာခင်းတခင်း

“ဒီတပ်ဖွဲ့တွေဟာ မုံးမြို့နယ်မှနေပြီးတော့ လူသောမြို့နယ်ထဲမှာ ဝင်လာတာ။ နအဖ ဘယ်တပ်ရင်းလဲဆိုတာ ကျနော်လည်း အတိအကျမသိ သေးဘူး။ အဲဒီမှာ ရောက်လာတော့ ရွာသူရွာသားတွေ လုပ်ကိုင်စားသောက်ကြတဲ့ နေရာတွေကို လိုက်ဖျက်ဆီးတာ။ အဲဒီမှာ အများအားဖြင့် တောင်ယာတွေကိုပဲ လုပ်ကြတာကိုး။ တောင်ယာထဲက စပါးပင်တွေ သေကျေပျက်ဆီးအောင် သစ်ကိုင်း၊ ဝါးချောင်းတုတ်တွေနဲ့ ရိုက်ချိုးပစ်တာ။ အခုလည်း လုပ်ဆောင်နေတုန်းပဲ” ဟု ပြောသည်။ အဆိုပါ ဘောလေးဒဲဒေသတွင် စုစည်းနေထိုင်ကြသည့် ရွာသူရွာသား (၆၀၀)ခန့်သည် ၁၉၉၇ ခုနှစ်က နအဖတပ်များ ဖာပွန်ဒေသအတွင်းမှာ စတင်ဝင်ရောက်ချိန်မှစ၍ အိုးမဲ့အိမ်မဲ့အဖြစ် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်စားသောက်ကြသည့် ရွာပုန်းရွာရှောင်များဖြစ်ကြပြီး ယခုတဖန် နအဖတပ်များ ထပ်မံဝင်ရောက် လှုပ်ရှားလာသည့်အတွက် အခြားနေရာသစ်တခုအတွင်းသို့ ပြောင်းရွှေ့နေထိုင်ကြရကာ အလုပ်အကိုင်များကို ချန်ထားခဲ့ရသည်ဟု ထိုဒေသခံက ဆိုသည်။
နအဖ တပ်များသည် ၎င်းတို့ ဝင်ရောက်လှုပ်ရှားခဲ့သော ဒေသများတွင်ရှိ ဒေသခံများ၏ အိုးအိမ်းများ၊ စပါးကျီများ၊ ခြံ၊ တောင်ယာများအား မီးရှို့ဖျက်ဆီးသည့် လုပ်ရပ်များကို ရာသီအလိုက် နှစ်စဉ် လုပ်ဆောင်နေခြင်းကြောင့် ထွက်ပြေးပုန်းရှောင်နေကြရသော ရွာသူရွာသားအတွက် စားသုံးရန် ဆန်စပါး မလုံလောက်သည့် ပြသနာများနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
ဖာပွန်ခရိုင်ရှိ လူသောမြို့နယ်တွင် ၂၀၀၆ခုနှစ်မှစ၍ ၂၀၀၈ ခုနှစ်အထိ နအဖ တပ်များ၏ စစ်ရေးလှုပ်ရှားမှုကြောင့် အိုးအိမ်များကို စွန့်ခွာပြီး ရွှေ့ပြောင်းပုန်းရှောင်နေထိုင်ကြရသည့် ရွာသူရွာသားပေါင်း (၅,၀၀၀)ရှိပြီး ရွာသူရွာသားများ၏ လယ်ယာခင်းပေါင်း(၂၀၀)နှင့် တောင်ယာခင်းပေါင်း (၅၀၀)ကိုလည်း အဆိုပါ နအဖ တပ်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူ၊ လူသောမြို့နယ်၏ မှတ်တမ်းများအရ သိရှိရသည်။

အသက်ရှစ်နှစ်အရွယ်မှ ယောက်ျားမှ မိန်းမပြောင်းသွားခြင်း




Josie Romero ဟာ အပန်းရောင်ကို နှစ်သက်ပြီး ကျစ်ဆံမီးကျစ်ကာ လက်သဲနီဆိုးထားပါတယ်။ မွေးကတည်းက ဒါမျိုးတော့မဟုတ် ပါဘူး အသက်ရှစ်နှစ်အရွယ်ရောက်မှ မိန်းခလေးဖြစ်သွားခဲ့တာ။ မွေးစကတော့ ယောက်ျားလေး တစ်ယောက်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူမရဲ့နာမည်ဟာ ဂျိုးဇက် ဖြစ်ပါတယ်။ သူအသက်လေးနှစ်အရွယ်ကတည်းက လိင်အင်္ဂါ ကမှားနေတယ် သူဟာ မိန်းခလေးတစ်ယောက်လို့ သူမိဘတွေကိုပြောပါတယ်။ အသက်ငါးနှစ်အရွယ်ကို
ရောက်လာချိန်မှာတော့ ဆံပင်ညှပ်ဖို့ကိုလည်း ငြင်းဆန်လာပြီး အဝတ်အစာတွေဆိုရင်လည်း အပန်းရောင်ရှိတဲ့ အဝတ်အစားတွေကို
ဘဲ ဝတ်ပါတော့တယ်။ အသက်ခြောက်နှစ်အရွယ်မှာတော့ ဂျိုးဇက်ဟာ လိင်အင်္ဂါပြောင်းလဲမှု့စတင်ခဲ့ပါ။ အသက် ၄၂ ရှိပြီဖြစ်တဲ့ သူ့အမေ Venessia က "ဂျိုးဇက်ထံမှာ အရုပ်ခလေးတစ်ရုပ်ရှိပါတယ်။ အဲ့ဒီအရုပ်က ယောက်ျားလေးပုံအရုပ်လေးဖြစ်ပါတယ်။

ယောက်ျားဘဝတုန်းက အကိုနဲ့ မွေးစားညီမ

ဂျိုးဇက်ဟာထို ယောက်ျားလေးအရုပ်ကို မိန်းခလေးပုံစံမျိုးဖြစ်အောင်း အမြဲတမ်းပြုလုပ်ပါတယ်။ သူစကားပြောတတ်တဲ့အချိန် ကနေစပြီးတော့ သူဟာမိန်းခလေးတစ်ယောက်ဖြစ်ကြောင်းကို တဖွဖွ ပြောတော့တာဘဲ။ ကျွန်မတို့ကတော့ မင်းဟာ မိန်းခလေးမဟုတ်ဘူး ယောက်ျားလေးဘဲဖြစ်တယ်လို့ အမြဲပြန်ပြောခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်မှာ တော့ သူဟာ ကျွန်မဟာယောက်ျားလေးမဟုတ်ဘူး တကယ့်ကို မိန်းခလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို ဇွတ်ကိုပြောလာပါတော့တယ်။ သူ့ကို စပြီး အပြင်မှာ လွတ်ကစားခိုင်းတော့ သူ့ကို ယောက်ျားလေးလို့ ပြောတဲ့သူမှန်သမျှကိုလည်း မဟုတ်ဘူး ကျွန်မက မိန်းခလေးဆိုပြီး ပြောသမျှကို တုန့်ပြန်ခဲ့တယ်။

စပြီးခြောက်လာပြီ ဟဲဟဲ

ဆက်လက်ပြီး Venessia က ဂျိုစီ (ဂျိုးဇက်မှဂျိုစီ) အသက် လေးနှစ်ရောက်တဲ့ အချိန်မှာ ကျွန်မတို့ အသက်နှစ်နှစ်အရွယ် တရုတ်မလေးယောက်ကို မွေးစားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ဟာ ဂျပန် နိုင်ငံမှာဖြစ်ပါတယ်။ ပထမတော့ ကျွန်မတို့ က ဂျိုစီက သူညီမအသစ်ကို မနာလိုမှစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဂျိုစီဟာ သူညီမလေး အသစ်တစ်ယောက်ရတာ အလွန်ပျော်ရွင်ခဲ့တယ်။ သူတို့ဟာ အတူတူ ပျော်ရွင်စွာကစားကြသလို အထူးသဖြင့် မိန်းခလေးပုံ အရုပ်များနှင့်ပိုပြီး ကစားတာတွေ့ရပါတယ်။ ပထမတော့ကျွန်မတို့မသိကြသေးဘူး နောက်ပိုင်းမှာတော့ ကျမသိခဲ့တာ ကျွန်မတိုမှာ အခြောက်လေးတစ်ယောက်ရှိနေခဲ့တာဘဲဖြစ်ပါတယ်။ သူ့ကိုကြည့်ရတာ ယောက်ျားနဲ့လဲတူတယ် မိန်းခလေးနဲ့လည်းတူနေတယ် အဲ့ဒီအချိန်က ဂျိုစီ ၅ နှစ်အရွယ်ပေါ့။ နောက်တော့ခလေးအထူးကုနဲ့ ပြကြည့်တယ် နောက်ဆုံးတော့ သူက ကျွန်မကို transgender ဆိုတဲ့စကားလုံးကိုရှာကြည့်လို့ပြောလိုက်တယ်။ ကျွန်မ ဆေးပညာနဲ့ ပါတ်သက်တဲ့ ဆိုဒ် တစ်ခုကို ရှာကြည့်တယ် မတွေ့ဘူး နောက်တော့ Transgender Youth Family Allies ဆိုတဲ့ ဆိုဒ်တစ်ခုကို သွားတွေ့တယ် အဲ့ဒီမှာ ခလေးတစ်ရာလောက်က ဂျီုစီလို ဖြစ်တာမျိုးကို သွားတွေ့ခဲ့တယ်။ ဒါနဲ့ဘဲ ကျွန်မ မိန်းခလေးအဝတ်အစားတချို့ ဝယ်ပြီး သူအဝတ်ဘီရိုထဲကို နှစ်ခြမ်းခွဲပြီး ထဲ့ပေးလိုက်တယ် တခြမ်းကတော့ ယောက်ကျားလေးအဝတ်အစားတွေပေါ့။ မနက်ကတော့ သူမကိုရွေးပြီးဝတ်ခိုင်းတော့ မိန်းခလေးအဝတ်တွေကိုဘဲ ယူဝတ်တော့တယ်။ အထူးကုဆရာဝန်ကတော့ သူဟာ လိင်ပြောင်းသွားပြီ လို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဂျိုစီကို ကျွန်မတို့မိန်းခလေးအဖြစ် စပြီးလက်ခံလိုက်ရတယ်။ ကျွန်မယောက်ျားကတော့ သားတစ်ယောက် ဆုံးရှုံးသွားတဲ့ ခံစားမှု့မျိုးခံစားခဲ့ရတယ်။ ခင်ပွန်သယ်ဖြစ်သူက ပထမတော့လုံးဝလက်မခံနိုင်ဘူး ကျွန်တော်သားတစ်ယောက်ဆုံးရှုံးလိုက်ရလို့ အရမ်းဝမ်းနည်းခဲ့တယ်လို့ပြောခဲ့ပါတယ်။ ဂျိုးစီ ဟာ အသက် ၁၂ နှစ်အရွယ်ရောက်လာရင် အမျိုးသမီးဟော်မုန်းများထွက်လာမှာဖြစ်တဲ့အတွက် လုံးလုံး မိန်းမတစ်ယောက်အဖြစ်သို့ ရောက်သွားဖို့ အတွက် ခွဲစိတ်ကုသရအုံးမှာဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ကုသရမယ်ဆိုတာကိုလဲ ဂျိုးစီတစ်ယောက် နားလည်ပြီးသားဖြစ်ပါတယ်။ သူမရဲ့ကိစ္စနဲ့ပါတ်သက်ပြီး Boston ခလေးဆေးရုံက ဆရာဝန် Norman Spack လက်ထဲ လွဲအပ်ထားပြီးဖြစ်ပါတယ်။

ညီမနှစ်ယောက်ဖြစ်သွားပြီ

ဂျိုးစီးကတော့ ကျွန်မမိန်းခလေး တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိသွားတဲ့ အတွက်အရမ်းပျော်ပါတယ်လို့ ပြောပါတယ်။ အခုဆိုရင် ဂျိုစီဟာ မီးဖို့ဂျောင်မှာ မုန့်ဖုတ်ခြင်း ဟင်းချက်ခြင်း အလုပ်များကို စတင်လုပ်နေပြီဖြစ်သလို ဆံပင်အရှည်ထားက နားကပ်လည်းပန်နေပြီဖြစ်ပါတယ်။ အခုဆိုရင်ဖြင့် သူတို့မိသားစုလေးဟာ Arizona ပြည်နယ်ကိုသွားပြီး တရားဝင် ဂျိုစီဟာ မိန်းခလေးတစ်ယောက်ဖြစ်ကြောင်းကို လက်ခံဖို့ သွားရအုံးမှာဖြစ်ပါတယ်။ သူရဲ့ ပက်စ်ပိုစ့် မွေးစာရင်း လူမှု့ရေးနှင့်ဆိုင်တဲ့ နာမ်ပါတ် တွေကိုပြောင်းရတော့မှာပါတယ်။ ၈နှစ်သမီး အရွယ်မိန်းခလေးဟာ လိင်င်္ဂါပြောင်းတာကို စောင့်ကြည့်ဖို့ကတော့ အောက်တိုဘာ ၁၉ရက် တနင်္လာနေ့ မွန်းလွဲ ၉ နာရီအချိန်မှာ Channel 4 မှာ ပြသမည်ဖြစ်ပါတယ်။

KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေးဟု KNU ပြောကြား


နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အကြား ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း KNU ခေါင်းဆောင်က ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် KNU-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးနှင့် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနအကြား ယခုလ ၁၉ ရက်တွင် အပစ်ရပ်ရေးနှင့် ပေါင်းစည်းရေး ဆွေးနွေးပွဲတခု ကျင်းပခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“လောလောဆယ် KNU နဲ့ DKBA ပေါင်းစည်းဖို့ဆိုတာ မလွယ်ပါဘူး။ တဖြည်းဖြည်းတော့ စည်းရုံးသွားမှာပါ။ အခုဆို သူတို့အထဲက လူတော်တော်များများလည်း နအဖ လုပ်ရပ်တွေကို သဘောပေါက်လာပြီ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီပိုးရာစိန်က ပြောဆိုသော်လည်း၊ လျှို့ဝှက်ဆွေးနွေးပွဲ ကိစ္စကိုမူ အတည်မပြုနိုင်သေးကြောင်း ပြောသည်။



အကယ်၍ နှစ်ဖက်တွေ့ဆုံဖြစ်ခဲ့ပါကလည်း KNU ၏ သဘောထား ရပ်တည်ချက်ကြောင့်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

KNU သည် DKBA အပေါ် ယခင်ကတည်းက သတ်မှတ်ခဲ့သည့် ခြွင်းချက် ၃ ချက်နှင့်အညီ စည်းရုံးသွားမည် ဖြစ်သည်။

“နအဖ ခိုင်းသလို မလုပ်ရဘူး၊ လူထုကို မဆန့်ကျင်ရဘူး၊ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ရဘူး။ DKBA ခွဲထွက်ကတည်းက အဲဒါတွေက သတ်မှတ်ထားတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။

“DKBA က Border Guard (နယ်ခြားစောင့်တပ်) လုပ်နေတယ်။ KNU စခန်းတွေကို နအဖ ဖိအားအမိန့်နဲ့ တိုက်တာတွေ ရှိတယ်။ အထဲမှာကလည်း သဘောထားတွေက ကွဲလွဲနေပါပြီ။ နအဖ လုပ်ရပ်တွေ တဖြည်းဖြည်း သိလာကြပြီ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ DKBA တပ်သား ၁၀ ဦးခန့်သည် KNU ထံ ပြန်လည် ဝင်ရောက်လာခဲ့သည်။

DKBA သည် KNU အဖွဲ့မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်လုပ်ငန်း အပါအဝင် အခြားစီးပွားရေး လုပ်ငန်းတချို့ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

DKBA သည် စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည့်အပေါ် ဒီမိုကရေစီသစ် တပ်မတော် - ကချင် NDA (K) ကဲ့သို့ပင် လက်ခံပြီးဖြစ်သည်။ ကျန်ရှိသည့် အပစ်ရပ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ဝ တပ်မတော်၊ ကိုးကန့် တပ်ဖွဲ့နှင့် အခြား အဖွဲ့များက ငြင်းဆန်နေဆဲ ဖြစ်သည်။

KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားရန် DKBA မှ မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်လုံးကို မေတ္တာရပ်ခံသည့် စာတစောင်ကို ပြီးခဲ့သည့်လ နောက်ဆုံးပတ်အတွင်းက ဖြန့်ဝေခဲ့သည်။